သာယာဝတီ ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူများက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရလွတ်မြောက်သည့် အကျဉ်းသားတစ်ဦးကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက သာယာဝတီဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ လွှတ်ပေးခဲ့ကြောင်းသိရသည်။
အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးကြီးအောင်စည်သူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုံးမသြဝါဒစကား ပြောကြားကာ အကျဉ်းသား အား ထောင်လွတ်လက်မှတ်နှင့် လမ်းစရိတ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)