သာယာဝတီ ၁၇ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လှည်းလမ်းကူး ကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ၌ ကွန်ကရစ်ဘီးလမ်းခင်းခြင်း၊ မြေသားလမ်းဖို့ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ကမ်းနီကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း ခင်းခြင်းလုပ်ငန်းမှာ အရှည် ၂၇၀ ပေ၊ အကျယ် ၃ ပေနှင့် ထု ၈ လက်မ နှစ်ဘက်နှင့် မြေသားလမ်းဖို့ ပြုပြင်ခြင်းလုပ်ငန်းမှာ အရှည် ၁၈၇၀ ပေ၊ အကျယ် ၉ ပေနှင့် ထု ၉ လက်မရှိပြီး ယခုဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀ဝ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

သာယာဝတီမြို့နယ်အတွင်း နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ထောက်ပံ့ပေးပြီး ကျေးရွာမှ ပါဝင်ဆောင်ရွက်သူ အားလုံးကို လုပ်အားခအနေဖြင့် အနည်းဆုံး ငွေကျပ် ၄၈၀ဝ မှ အများဆုံး ငွေကျပ် ၆၀ဝ၀ အထိ ဒေသပေါက်ဈေးအတိုင်း လုပ်အားခပေးချေ၍ ကျေးရွာသူကျေးရွာသားများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ ၉ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သာယာဝတီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းထွန်းက ပြောပြ၍သိရသည်။

 

ငြိမ်းသူ