သာယာဝတီ ဧပြီ ၈

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက ဆက်လက်ဖြေဆိုရာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

သာယာဝတီမြို့နယ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ အခြေခံပညာ အထက်တန်းကျောင်း (သုံးဆယ်) စာစစ်ဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း(စံရွေး) စာစစ်ဌာနတို့တွင် ဖြေဆိုရာခိုင်နှုန်း ၉၁ ဒသမ ၂၆ ရာခိုင်နှုန်းရှိကြောင်း၊ စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

သန့်ဇော် (သာယာဝတီ)