သာယာဝတီ ၇ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သခွတ်ကုန်းရပ်ကွက်တွင် လေဘေးသင့်၍ ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၇ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ခြင်းကို မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းသူမောင်နှင့် ဝန်ထမ်းများက သခွတ်ကုန်းရပ်ကွက်တွင် ဇူလိုင်လ ၆ ရက် နံနက် ၇ နာရီက လေဘေးသင့် ပျက်စီးခဲ့သော လေဘေးသင့်နေအိမ်် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေကျပ် ၁၅၀၀၀၀၊ ၎င်းနေအိမ်ရှိ လေဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၆၃၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလတ်စတစ်ပုံး (၁) ပုံးတို့အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)


