သဲကုန်း ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင် ယမန်နေ့ည ၉ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု (၄)ရှိအိမ်ခြေ(၁၈၀)ခန့်တွင်ရေ ၄ ပေခန့်ဝင်ရောက်ရှိပြီး၊ မဉ္ဇူကုန်းကျေးရွာထိပ်ရှိ အရှည်ပေ(၆၀)၊ အကျယ်(၁၀)ပေခန့်ရှိ မဉ္ဇူကုန်း-ကန်လန့်ကုန်းရွာခြင်းဆက် သစ်သားတံတားမှာ သိုက်တောမချောင်း ရေကြီးရေလျှံမှုကြောင့် မျောပါသွားခဲ့၍ သဲကုန်းမြို့၊ ဇီးကုန်းအုပ်စုရှိ ရထားလမ်းမိုင်တိုင်အမှတ် ၁၄၁/၁၅ မိုင်တွင် ရေကျော်နေသဖြင့် အမှတ် (၇၂) အစုန်အမြန်ရထားသည် ဆင်မြီးဆွဲဘူတာတွင် ညအိပ်ရပ်နားခဲ့ရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဇူလိုင်လ၂၄ရက်တွင် အမှတ်(၆၄)အစုန် ပြည်-ရန်ကုန် စာပို့ရထား၊အမှတ်(၇၁)အဆန် ရန်ကုန်-ပြည်အမြန်ရထား ခရီးစဉ်များရပ်နား၍ အမှတ်(၆၃)အဆန် ရန်ကုန်-ပြည် စာပို့ရထားခရီးစဉ်တစ်ကြောင်းသာပြေးဆွဲမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်၊ပြန်/ဆက်