သဲကုန်း ဧပြီ ၉
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ဧပြီ ၈ ရက် ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် နှစ်လုံးပြိုလဲပြီး နေအိမ် ၁၀ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်(၄) တပ်ရွာထိပ်ရှိ Quaratine Center သွပ်မိုးလန်ကျ၍ ဆိုင်းဘုတ်ပြုတ်ကျကာ သံပန်းတံခါး ပြုတ်ထွက်ခဲ့ပြီး ရပ်ကွက်(၄)တွင် နေအိမ် နှစ်လုံးပြိုလဲပြီး နေအိမ်(၁၀)လုံး အမိုးလန်ပျက်စီးခဲ့ကာ လူတိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
လေဘေးသင့်ပြည်သူများ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန်ခွဲမှုကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)