မြောက်ဥက္ကလာပ ၁၀ မေ
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်မြမြဝင်းက အပူချိန်မြှင့်တက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် မီးဘေး၊ ရေရှားပါးမှု၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအတွက် ကြိုတင်စီမံမှုများနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များကို ပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသူများမှ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်) မှ သိရှိရသည်။
MDN