ဘောဂလိ ၂၆ မေ
ကရင်ပြည်နယ် ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ကျေးလက်နေပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတ ရရှိစေရန်နှင့် ဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ရှင်မာကုလူငယ်ဓမ္မပညာပေးရိပ်သာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး နော်နီလာအေးမှ ရာသီဥတုပြောင်းလဲလာမှုကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့် မိုးသည်းထန်စွာ ရွာသွန်းပါက တောင်ပေါ်ဒေသဖြစ်၍ မြေပြိုခြင်းဘေးများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူလူထုမှ ကြိုတင်ဂရုပြုနိုင်ရန်နှင့် မိုးလေဝသသတင်းများ အမြဲမပြတ် ကြည့်ရှုနားထောင်ရန်တို့ကို ပြောကြားခဲ့ပြီး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဘောဂလိ(ပြန်/ဆက်)