စေတုတ္တရာ ၁၃ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပြသရာတွင် သဘာဝဘေးနှင့်ပတ်သက်သည့် အခြေခံသဘောတရားများ၊ မုန်တိုင်းနှင့်ပတ်သက်သည့် သတင်း၊ သတိပေးချက်များ၊ အရောင်အဆင့်သတ်မှတ်ချက်များ၊ ငလျင်ဘေး၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားပြီး ကျောင်းသား/ကျောင်းသူ ကလေးငယ်များက စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြောင်းသိရသည်။
စည်သူလွင်(ပြန်/ဆက်)