ဘိုကလေး  ၁၄  မေ 


ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သော  ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ ဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သော ကိစ္စရပ်များကို ပြည်သူများ သိရှိနားလည်နိုင်ကြစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာလျော့ပါးရေးနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေးအသိပညာ ပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘိုကလေးမြို့နယ် ကျက်သရေဆောင် ချိုကြည်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်က အဖွင့်အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ CSO၊NGO နှင့် အခြား လူမှုအဖွဲ့အစည်းများကိုယ်စား (GRET) လူမှု အဖွဲ့အစည်း၏တာဝန်ခံ  ဦးသူရအောင်က  သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက်   ပံ့ပိုးကူညီရခြင်းရည်ရွယ်ချက်နှင့် လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို မေလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ရပ်မိ ရပ်ဖများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်း(၃၄၄)ဦး တက်ရောက်ကြကြောင်း ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN

 

1