ရန်ကုန် ၉ ဇူလိုင် 

သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ "Preparedness for Myanmar" ခေါင်းစဉ်ဖြင့် မှတ်တမ်းရိုက်ကူးခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ကင်းချောင်းကျေးရွာနှင့် ၎င်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ကြသည်။

 

11

 

ထိုသို့ရိုက်ကူးမှုကို ယမန်နေ့က ဖျာပုံမြို့၊ မငေးကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေးဒရဲမြို့နယ်၊ စိန်လေးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ပညာပေးသင်ကြားပို့ချမှုများ၊ သဘာဝဘေးဒဏ်မကျရောက်မီ၊ ကျရောက်ချိန်နှင့် ကျရောက်ပြီးချိန်များတွင် ကြိုတင်နှိုးဆော်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်ရန်အတွက် အသံချဲ့စက်၊ မိုက်ခရိုဖုန်းများ၊ စပီကာများ၊ မီးသတ်ကိရိယာနှင့် ဆက်စပ်ပစ္စည်းများကို ရွာသူရွာသားများ အသုံးပြုနိုင်ရန် လက်တွေ့သရုပ်ပြခြင်းနှင့် လွှဲပြောင်းပေးခြင်းများကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြောင်း၊ ဇူလိုင် ၁၀ ရက်တွင် ပဲခူးမြို့နယ် အုတ်ဖိုကျွန်းရိုးရွာ၊ ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း အမှတ်(၁)နှင့် (၂)တို့တွင် ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်
 

22