ဘိုကလေး ၁၆ မေ 

 

နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသော ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပြည်သူများသဘာဝ ဘေးအန္တရာယ်နှင့်ပက်သက်၍ လိုက်နာဆောင် ရွက်ရမည့်အချက်များနှင့် ကြိုတင်စီမံထားရှိရမည့် အချက်များ၊ သဘာဝဘေး ကျရောက်ပြီးချိန် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ရမည့် အချက်များအား သိရှိနားလည်ကြစေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီက ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မဂူကျေးရွာအုပ်စု ကျုံစိန်ကြီးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သဘာဝဘေးအန္တရာယ် သဏ္ဌာန်တူ သရုပ်ပြ လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

mdn


ယင်းသို့ သဏ္ဌာန်တူ လေ့ကျင့်ရာတွင် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် ဘေးအန္တရာယ် မကျရောက်ခင်နှင့် ကျရောက်ပြီးချိန်တွင် လုပ်ဆောင်ရမည့် အချက်များအား ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်နိုင်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော သိသင့်သိထိုက်သည်များနှင့် ဆောင်ရန်၊ ရှောင်ရန်များကို  ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ပြည်သူများ စုစုပေါင်း အင်အား (၄၀ဝ) ဦးခန့်သည် သဘာဝဘေးအန္တရာယ် မကျရောက်မီပြုလုပ်ရမည့် သရုပ်ပြလေ့ကျင့်မှုများနှင့် မုန်တိုင်းကျရောက်ပြီးချိန် ပြန်လည်ရှာဖွေ ကယ်ဆယ်ရေး၊ ဆေးဝါးစောင့်ရှောက်ပေးမှုများနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သရုပ်ပြ လေ့ကျင့်ကြကြောင်း သတင်းရရှိသည်။
                       

ဘိုကလေး(ပြန်/ဆက်)