နေပြည်တော် ၄ ဇွန် 
    

 

မေ ၂ ရက် ည ၆ နာရီခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပိုးစားတောကျေးရွာအနီးရှိ တံခွန်တိုင်ချောင်း မြေသားကျောက်စီနံရံရေကာတာ ၁၁၈၀ ပေခန့် ရေတိုက်စားပျက်စီးခဲ့ရာ တန်ဖိုး ၁၀၈၀ဝ၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ဇွန် ၂ ရက် ည ၁၀ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဆင်တလည် ကျေးရွာပါ ၄ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၄၆ လုံး၊ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ယာယီရှင်းလင်းဆောင် ၁ ခု၊ ဓမ္မာရုံ ၄ ခု အမိုးလန်၊ နေအိမ် ၇ လုံး၊ ဇရပ် ၁ ခု၊ ဘုန်းကြီးကျောင်း အုတ်တံတိုင်း ၁ ခု ပြိုလဲ၊ စေတီ ၅ ဆူ ထီးတော်မြေခ၊ စေတီ ၁ ဆူ ထီးတော် တိမ်းစောင်း၊ မိုးကြိုးပစ်ခတ်မှုကြောင့် နွား ၃ ကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ရာ တန်ဖိုး ၂၉၃၄၂၀ဝ၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    

dfrewf

 

 

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်အတွင်း ဇွန် ၂ ရက် နံနက် ၇ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဧရာကျေးရွာ၌ စာသင်ကျောင်း ၁ ကျောင်း သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုး ၁၆၀ဝ၀ဝ ကျပ်ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် ဇွန် ၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကဒုံကနိ ကျေးရွာ၌ မိုးကြိုးပစ်ခတ်မှုကြောင့် စေတီ ၁ ဆူ စိန်ဖူးတော်မြေခ ပျက်စီးခဲ့ရာ တန်ဖိုး ၄၀ဝ၀ဝ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


MDN