ဂန့်ဂေါ ၁၅ မေ
ဂန့်ဂေါခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ကြီးမှူး၍ သဘာဝဘေးလျှော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွါး) သင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်ရာ ဂန့်ဂေါမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က အမှာစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော် က သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်၍ သင်တန်းကာလ ၃ ရက်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ အရေးပေါ် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်အကြောင်း၊ မီးဘေးအန္တရာယ် အကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးဖြစ်ပွါးချိန်တွင် ရှာဖွေကယ်ဆယ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲခြင်း၊ အရေးပေါ်အခြေအနေတွင် ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ခြင်း စသည့် ဘာသာရပ်များကို ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN