ညောင်ဦး  ၈  ဇူလိုင်         

 

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင်အတွင်း သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးကူညီပေးနိုင်ရန်အတွက် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ မီးသတ်ဦးစီးဌာနများ အပါအဝင် နယ်မြေမီးသတ်တပ်ဖွဲ့စခန်းများရှိ မီးသတ်တပ်ဖွဲ့ဝင်များအား အသင့်ပြင်ဆင်ထားကြောင်း ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

 

ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးထက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး)၏ အနီးကပ် ကြီးကြပ်မှုဖြင့် ရှာဖွေကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှုအခြေအနေများ ရှိပါက ပြည်သူများ ကြိုတင်ရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေးသိရှိလိုက်နာနိုင်ရန်အတွက် မီးဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်သကဲ့သို့ သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်လာပါက အမြန်ဆုံး ကူညီနိုင်ရေးအတွက်ကိုလည်း အသင့်ပြင်ဆင်ထားကြောင်း ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင် က ပြောကြားသည်။ 

 

“ကျွန်တော်တို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန လက်အောက်ရှိ ညောင်ဦး ၊ ကျောက်ပန်းတောင်း ၊ ငါ့သရောက်မြို့နဲ့ ပုဂံမြို့မှာရှိတဲ့ မီးသတ်ဦးစီးဌာနများနဲ့ တိုက်နယ်အဆင့် နယ်မြေမီးသတ်တပ်ဖွဲ့စခန်းတွေ အားလုံးကို သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အချိန်နဲ့တစ်ပြေးညီ တုံ့ပြန်ဖြေရှင်း ကူညီပေးနိုင်ဖို့ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကူညီ ကယ်ဆယ်ရေးပစ္စည်းများနဲ့ အသင့်အနေအထား ပြင်ဆင်ထားပါတယ်။ ခုလို မိုးတွင်း ကာလတွေဟာ တစ်ခြားအချိန်တွေထက် ပိုပြီးတော့ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု များတာကြောင့် ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနနဲ့ ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေဖို့ အသင့်ပြင်ဆင်ထားခြင်းဖြစ်ပါတယ်” ဟု ဒုတိယမီးသတ်ဦးစီးမှူး က ဆက်လက်ပြောကြားသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )