ကျိုင်းတုံ ၁၄ ဇူလိုင်
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံကိန်းအရ မိုးကာအုပ် အစေးခြစ် သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒုတိယပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဇူလိုင် ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့သည်၊၊
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားပြီး၊ မွန်ပြည်နယ်၊ မုဒုံမြို့ ရော်ဘာဖွံ့ဖြိုးရေးနည်း ပညာ သုတေသနခြံမှ ဦးစီးအရာရှိ သင်တန်းဆရာ ဦးစန်းယုကြည် က ပို့ချပေးမည့်အစီအစဉ်များအား ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ မိုးကာအုပ် အစေးခြစ်ခြင်းဖြင့် ရော်ဘာစိုက် တောင်သူများ၏ အစေးခြစ်လုပ်သားများ အလုပ်အကိုင်ရရှိခြင်း၊ အစေးခြစ်ရက်ပိုလာသဖြင့် ဝင်ငွေတိုးလာခြင်း၊ စီးပွားရေး တွက်ခြေကိုက်ပြီး ရေရှည်တည်တံ့သော သဘာဝရော်ဘာ ထုတ်လုပ်မှုအား အထောက်အကူ ဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ရာ သင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်းထမ်း များနှင့် ကျိုင်းတုံ၊ မိုင်းလား၊ မိုင်းယန်း၊ မိုင်းခတ်မြို့နယ်များမှ ရော်ဘာစိုက်တောင်သူများ အပါအဝင် စုစုပေါင်း ၄၅ ဦး တက်ရောက်ကာ သင်တန်းအား စာတွေ့ လက်တွေ့တို့ဖြင့် လေးရက်ကြာဖွင့်လှစ် ပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
ဖြိုးလေး(ပြန်/ဆက်)


