ဟိုင်းကြီးကျွန်း ၁၀ မေ
သောက်ရေရှားပါးနေသော ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပမ္မဝတီရေတပ်စခန်းဌာနချုပ် တို့ပူးပေါင်း၍ ယခုလ ၁၀ ရက် နံနက် ၉ နာရီအချိန်က ရေဂါလန် (၂၄၀ဝ) နှင့် ရေသန့်ဘူး (၄၈၀)ဘူး တို့ကို့ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ဟိုင်းကြီးကျွန်းမြို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသည့် ရေဂါ လန် (၈၀ဝ)ကို မီးသတ်ကားတစ်စီးဖြင့် လည်းကောင်း၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ လှူဒါန်းသည့် ရေသန့်ဘူး(၄၈၀)ဘူးနှင့် ရေဂါလန် (၁၆၀ဝ)ကို ရေသယ်ကား(၂)စီး၊ မီးသတ်ကားတစ်စီး ဖြင့်လည်းကောင်း တောင်ကလေးကျေးရွာ၌ နေရာလေးခုခွဲကာ လှူဒါန်းပေးအပ်ခဲ့ကြရာ ဒေသခံများက ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံရယူခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့တွင် မိုးရွာသွန်းမှု မရှိသေး၍ ကန်ရေကိုသုံးစွဲကြသည့် တစ်ချို့ ကျေးရွာများ၌ သောက်သုံးရေး အခက်အခဲများ ဖြစ်ပေါ်နေပြီး ကနုကမာကျေးရွာနှင့် ကုလားမကွင်းကျေးရွာများသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ မေလ ၆ ရက်နေ့က ရေဂါလန် (၁၀၈၀ဝ)နှင့် ရေသန့်ဘူး(၁၂၀ဝ)ဘူးကို လည်းကောင်း၊ တောင်ကလေးကျေးရွာသို့ မီးသတ်ဦးစီးဌာနက မေလ ၇ ရက်နေ့က ရေဂါလန် (၁၈၀ဝ)ကို လည်းကောင်း သွားရောက် လှူဒါန်းပေးအပ်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)