မြောက်ဦး  ၁၁   မေ 

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းရှိ ရေတွင်း၊ ရေကန်များတွင် ရေများခန်းခြောက်ကာ သောက်သုံးရေများ အခက်ကြုံတွေ့နေရသဖြင့်     မြောက်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မေလ ၈ ရက်၊ နံနက် ၇ နာရီအချိန်က အဆိုပါမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းသို့သွားရောက်ကာ သောက်သုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့သောက်သုံးရေများ လှူဒါန်းရာတွင် မြောက်ဦးမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် ဦးဆောင်၍ ခရိုင်/မြို့နယ် တပ်ဖွဲ့ဝင် (၇) ဦး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် သောက်သုံးရေ (၁၆၀ဝ)ဂါလံအား ရေလိုအပ်လျှက်ရှိသော တိမ်ညိုကျေးရွာဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများထံသို့သွားရောက်လှူဒါန်းခဲ့ကြောင်း ခရိုင် ပြန်/ဆက်မှ သတင်းရရှိသည်။

 

MDN

 

ge IMG_20