ညောင်ဦး၊ ၂ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ကွမ်းကြီးတဲတိုက်တွင် ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေ အခက်ကြုံတွေ့နေသဖြင့် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဦးနှင့် ဝန်ထမ်းများအဖွဲ့က သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့သည်။ 

ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ ကွမ်းကြီးတဲတိုက်တွင် အိမ်ခြေ ၅၄ အိမ်၊ လူဦးရေ ၂၀၀ ကျော် ရှိပြီး ယခုလို ပွင့်လင်းရာသီတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲ ကြုံတွေ့ရလေ့ရှိသည်။ ဒီဇင်ဘာ ၂ ရက် နံနက်က ကွမ်းကြီးတဲတိုက်ရှိ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေသည့် ဒေသခံပြည်သူများအတွက် ညောင်ဦးမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဦးနှင့် ဝန်ထမ်းများအဖွဲ့က ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလန် ၁၈၀၀ အား အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။   

ရဲဝင်းနိုင်(ညောင်ဦး)