ညောင်ဦး ၁၆ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်ကြုံနေသည့် ကျေးရွာများမှ ကျေးလက်နေ ပြည်သူများ သောက်သုံးရေ အခက်အခဲ မဖြစ်စေရေးအတွက် ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့ မြင့်မြတ်သူ စေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းက ရေသယ်ယာဉ်များဖြင့် သွားရောက်၍ သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ အဖွဲ့ဝင် ဦးငြိမ်းအောင် ဦးဆောင်သော ပရဟိတ အသင်းသားများက သောက်သုံးရေ အခက်ကြုံနေသည့် ညောင်ဦးမြို့နယ် ချောင်းမီသာတဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၃၂၀၀ ၊ ပျဉ်တိုင်း ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၆၂၀၀ တို့ကို သောက်သုံးရေ အလှူရှင်များ၏ လှူဒါန်းမှု အစီအစဉ်ဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲမဖြစ်စေရေး အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ အဖွဲ့ဝင်ဖြစ်သူ ဦးငြိမ်းအောင်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )