ပုလဲ ၂၁ မေ 

 


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နှင့် မိုင် ၃၀ ကျော် ကွာဝေးသော ပုံတောင်ဒေသရှိ အိုင်းမကျေးရွာအုပ်စု၊ သက္ကယ်ကျင်းကျေးရွာနေ ဒေသခံပြည်သူများ သောက်သုံးရေ လုံလောက်မှုမရှိကြောင်း  သိရှိရသဖြင့်   မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏   စီစဉ်ပေးမှုဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်း၍  ယနေ့ မွန်းတည့် ၁၂ နာရီက ကျေးရွာအရောက် သောက်သုံးရေများကို ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

eew

 

ပုလဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးက  ပုံတောင်ဒေသရှိ သက္ကယ်ကျင်းကျေးရွာမှာ သောက်သုံးရေ လုံလောက်မှုမရှိကြောင်း ဒေသခံပြည်သူတွေက ဆက်သွယ်အကူအညီ တောင်းခံလာတာကြောင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီရဲ့ စီစဉ်ပေးမှုနဲ့ ကျွန်တော်တို့ဌာနကနေ ရေသန့်ဘူးကြီး ၁၅၀၊ မုံရွာမြို့ စက်မှု (၁) ရွာထောင် တောရကျောင်း သုဂတိလူမှုကူညီရေးအဖွဲ့က လှူဒါန်းတဲ့ ဂါလံ ၁၈၀ဝ ဆံ့ ရေသယ်ယာဉ်တစ်စီးနှင့်အတူ ကျေးရွာရှိ အိမ်ခြေ  ၉၀ အိမ်၊ အိမ်ထောင်စု ၁၁၂ စုအတွက် သောက်သုံးရေများကို လှူဒါန်းပေးခဲ့ပါတယ်” ဟု ပြောသည်။

 

wef


    
ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအနေဖြင့် နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် သောက်သုံးရေများ လောက်လုံမှုမရှိခြင်းနှင့်  ရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံး ဖုန်း ဝ၇၁ - ၃၅၀ဝ၃၊ ဝ၉ - ၉၆၃၇၀ဝ၀၁၃ နှင့်   မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဖုန်း ဝ၇၁ - ၃၅၀၉၆၊ ဝ၉ - ၇၉၈၇၀၉၈၇၁ သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရှိရသည်။


                                                                                                           
မြို့နယ်(ပြန်/ဆက်)