ပုလဲ ၃  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုံတောင်ဒေသရှိ လယ်ဓမ္မကျေးရွာ၊အုပ်စု၊ ထန်းခင်းကြီးကျေးရွာနှင့်   ပေပင်ကျေးရွာ၊   စစ်ရင်ကျေးရွာအုပ်စု၊  ရေချမ်းသာကျေးရွာ၌ နွေရာသီ ရာသီဥတု ပူပြင်းမှုဒဏ်ကြောင့် သောက်သုံးရေ ပြတ်လပ်နေ၍ အခက်အခဲရှိကြောင်းဒေသခံပြည်သူများ၏ အကူအညီ တောင်းခံလာမှုအရ   တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်   ဦးဇော်ထက်နှင့်စေတနာရှင် အလှူရှင်များ ပူးပေါင်း၍  ဇွန်၁ရက်နှင့်ဇွန် ၂ရက်က သောက်သုံးရေ ဂါလန် ၁၁၀ဝ၀ ကို လှူဒါန်းခဲ့ကြောင်း သိရ သည်။

 

333

 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးဇော်ထက်က  “ ပုလဲမြို့နှင့်မိုင်၂၀ကျော် ကွာဝေးသော လယ်ဓမ္မကျေးရွာအုပ်စု၊ ထန်းခင်းကြီးကျေးရွာနှင့်ပေပင်ကျေးရွာက ပုံတောင်ဒေသရှိ တောင်ပေါ်ကျေးရွာများဖြစ်ပြီး   သောက်သုံးရေ   ပြတ်လပ်နေကြောင်း  သိရှိရတဲ့အတွက် ဇွန်၂ရက်က ထန်းခင်းကြီးကျေးရွာသို့    မုံရွာမြို့နယ်၊   ကျောက်ကာ(မြောက်)ရွာမှ   ရေနံကုန်းလူငယ်အဖွဲ့က သောက်သုံးရေ ဂါလန် ၆၀ဝ၀ ကို   လှူဒါန်းပေးခဲ့ပြီး ပေပင်ကျေးရွာသို့ မုံရွာမြို့၊အမှတ်(၅)အထပ်သားစက်ရုံမှ စက်ရုံ လုပ်သားများက သောက်သုံးရေဂါလန် ၁၀ဝ၀၊ ချောင်းဦးမြို့မှ   ဆရာတော်ဘဒ္ဒန္တဓမ္မပီယ နှင့်  ဒါယိကာ၊ဒါယိကာမများက သောက်သုံးရေဂါလန် ၈၀ဝကို လှူဒါန်းပေးခဲ့ပါတယ် ” ဟု ပြောသည်။  

 

“ ဒါ့အပြင် ဇွန်၁ရက်ကလည်း  ပုလဲမြို့နှင့် ၃၅ မိုင်ကျော် ကွာဝေးသောစစ်ရင်ကျေးရွာအုပ်စု၊ ရေချမ်းသာကျေးရွာသို့ မုံရွာမြို့နေ ဦးအောင်ဆန်း ( စနေရေလှူအသင်း)က သောက်သုံးရေဂါလန် ၃၂၀ဝ ကို  လှူဒါန်းပေးခဲ့သလို မုံရွာမြို့နေ ဦးမင်းနိုင်ဝင်း+ဒေါ်ယဉ်ယဉ်အေး မိသားစု (ဂုဏ်ထူးရွှေပြည်သာ ဘော်ဒါ)က    ဒေသခံပြည်သူများ   သောက်သုံးရေ အဆင်ပြေနိုင်စေရေးအတွက် စက်ရေတွင်းတူးဖော်နိုင်ရန် ငွေကျပ် ၂၅သိန်းကို    လှူဒါန်းပေးခဲ့ပါတယ်”ဟု   တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်     ဦးဇော်ထက်ကဆက်လက်၍ ပြောကြားခဲ့သည်။  

 

4

 

ပုလဲမြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများအနေဖြင့် နွေရာသီတွင် ရာသီဥတု   ပူပြင်းမှုကြောင့် သောက်သုံးရေများ   ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီရုံး ဖုန်းဝ၇၁-၃၅၀ဝ၃၊ ဝ၉၉၆၃၇၀ဝ၀၁၃ နှင့်   မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဖုန်းဝ၇၁-၃၅၀၉၆၊ ဝ၉၇၉၈၇၀၉၈၇၁သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်စီမံခန့်  ခွဲမှုကော်မတီရုံးမှ သိရှိရသည်။

 

MDN