ရန်ကုန် ၂၃  မေ

 

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့နံနက် ၁၁ နာရီက အမှတ် (၃) (၅)ရပ်ကွက်ရှိ အမကကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

age image

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကျောင်းများကျောင်းဖွင့်ချိန်တွင် ခြင်ကြောင့်ဖြစ်ပေါ်သော သွေးလွန်တုတ်ကွေးရောဂါ အန္တရာယ်ကင်းဝေးစေရန်အတွက် တာဝန်ရှိသူများ ပူးပေါင်း၍ ကျောင်းအတွင်းရှိ ချုံနွယ်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ ဆယ်ယူခြင်း၊ အုတ်ကန်များ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ခြင်ခိုအောင်းနိုင်သော နေရာများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လှလှထွေး(ပြန်/ဆက်)

 

image-0-0