ညောင်ဉီး  ၂၀  ဩဂုတ် 


ယနေ့ကာလတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့် တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များ ရောင်းချလိုပါက ဆက်သွယ်ပါရန် သမဝါယမဦးစီးဌာနက သတင်းစာများတွင် အသိပေးတင်ပြချက်အရ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်မှ တောင်သူများ စိုက်ပျိုးထွက်ရှိသည့် မြေပဲဆံ (အဖြူ/အနီ)များအား ရောင်းချလိုကြောင်း သမဝါယမဦးစီးဌာနသို့ ဆက်သွယ်လာခြင်းအပေါ် ညောင်ဉီးမြို့နယ် သမဝါယမအသင်းစု နှင့်ချိတ်ဆက်ပေးခဲ့ရာ ညောင်ဦးမြို့နယ် သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်က မြေပဲဆန် ပိဿာ ၄၀၀၀ ဝယ်ယူခဲ့ကြောင်း သိရသည်။


အဆိုပါဝယ်ယူခဲ့သည့် မြေပဲဆန်များကို ကြိတ်ခွဲရာမှထွက်ရှိလာသည့် မြေပဲဆီစစ်စစ်များကို  ပြင်ပပေါက်ဈေး ၁ ပိဿာ ငွေကျပ် ၆၀၀၀  ရှိသော်လည်း ၁ ပိဿာ ငွေကျပ် ၅၆၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် ညောင်ဦးပဲဆီသန့်များ လက်လီ/လက္ကား ဝယ်ယူလိုပါက သမဝါယမဦးစီးဌာန (ရုံးချုပ်) ဖုန်း-၀၆၇-၄၁၀၃၄၁၊ ညောင်ဉီးမြို့နယ် သမဝါယမ အသင်းစုပိုင်၊ အနော်ရထာဆီစက် ဖုန်း-၀၉-၄၃၁၀၄၅၂၉ ၊ ၀၉-၇၇၂၂၆၀၂၃၄ တို့ သို့ ဆက်သွယ်၍ ဝယ်ယူနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်