ကိုလံဘို  ဇန်နဝါရီ  ၄

သီရိလင်္ကာနိုင်ငံသည်  လမ်းသစ်များဆောက်လုပ်ခြင်းနှင့် ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပွားသော လမ်းများကိုပြုပြင်ရန် ၂၀၂၆ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်  ခွဲဝေချထားပေးရန်စီစဉ်နေကြောင်း   ဝန်ကြီးတစ်ဦးက  ဇန်နဝါရီ  ၃  ရက်တွင် ပြောသည်။

သယ်ယူပို့ဆောင်ရေး၊ အဝေးပြေးလမ်းမကြီးများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဘီမာလ်ရာသ် နေယာကေက ပျက်စီးသွားသောလမ်းများကို ပြန်လည်ပြုပြင်ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၄၈၆ သန်းခန့်နှင့်လမ်းသစ်များ ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ  ၄၈၆  သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောသည်။        

သီရိလင်္ကာအစိုးရသည် ယခုလအစပိုင်းမှစတင်ကာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်များ အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ထောင်စုများအတွက် လျော်ကြေးငွေစတင်ပေးသွားမည်ဖြစ်ကြောင်း   အဆိုပါဝန်ကြီးက ပြောသည်။                      

ဆင်ဟွာ