ကိုလံဘို ဇန်နဝါရီ ၄
သီရိလင်္ကာနိုင်ငံသည် လမ်းသစ်များဆောက်လုပ်ခြင်းနှင့် ဆိုင်ကလုန်းမုန်တိုင်း ဒီဝါကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပွားသော လမ်းများကိုပြုပြင်ရန် ၂၀၂၆ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် ခွဲဝေချထားပေးရန်စီစဉ်နေကြောင်း ဝန်ကြီးတစ်ဦးက ဇန်နဝါရီ ၃ ရက်တွင် ပြောသည်။
သယ်ယူပို့ဆောင်ရေး၊ အဝေးပြေးလမ်းမကြီးများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဘီမာလ်ရာသ် နေယာကေက ပျက်စီးသွားသောလမ်းများကို ပြန်လည်ပြုပြင်ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၄၈၆ သန်းခန့်နှင့် လမ်းသစ်များ ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၄၈၆ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောသည်။
သီရိလင်္ကာအစိုးရသည် ယခုလအစပိုင်းမှစတင်ကာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်များ အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ထောင်စုများအတွက် လျော်ကြေးငွေစတင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးက ပြောသည်။
ဆင်ဟွာ


