ကိုလံဘို  မတ်  ၈

သီရိလင်္ကာရေတပ်သည်    မတ် ၇ ရက် ညပိုင်းက မူးယစ်ဆေးဝါး ကုန်ကူးသည်ဟု သံသယရှိသဖြင့် တောင်ပိုင်းရေပြင်၌ ငါးဖမ်းရေယာဉ်ကိုတားဆီးခဲ့ရာ ဘိန်းဖြူ ၁၀၃ ကီလိုဂရမ်နှင့် ကိုကင်း  ၁ ကီလို ဂရမ်ခန့်ကို  သိမ်းဆည်းရမိခဲ့ကြောင်း ရေတပ်က မတ် ၈ ရက်တွင် ပြောကြားသည်။

ရူပီး ၂ ဒသမ ၈ ဘီလီယံခန့်ရှိ

ကာကွယ်ရေးဒုတိယဝန်ကြီး အာရူနာ ဂျယာဆီကာရာက မတ် ၈ ရက်  နံနက်ပိုင်းတွင်  အဆိုပါ နေရာသို့သွားရောက်ခဲ့ပြီး သိမ်းဆည်းရမိသည့်  ရေယာဉ်နှင့် မူးယစ်ဆေးဝါးများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများ၏ ဖမ်းဆီးရမိမှု ပမာဏမှာ ရူပီး ၂ ဒသမ ၈ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းခန့်)  ရှိကြောင်း ၎င်းက  ပြောကြားသည်။

ခြောက်ဦးကို ထိန်းသိမ်းထား

အာဏာပိုင်များက သံသယရှိသူ ခြောက်ဦးကို ထိန်းသိမ်းထားပြီး ပါဝင်သူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက  ဆက်လက်ပြောကြားသည်။                     

ဆင်ဟွာ