ဝန်းသို ၅ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်မှ အုပ်ချုပ်ရေးဆရာတော်များနှင့် စာသင် သံဃာတော်အပါး ၆၀ ကျော်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ကသာခရိုင်၊ ဝန်းသိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဆရာတော်၊သံဃာတော်များက မြို့လယ်ဟော်တော်ဦးစေတီ တော်မှ ဈေးတစ်ပတ်စီတန်း၍ အလှူခံကြွရောက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်ပြည်သူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်တို့ကို လောင်းလှူပူဇော် ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


