ဝန်းသို  ၅  မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်မှ အုပ်ချုပ်ရေးဆရာတော်များနှင့် စာသင် သံဃာတော်အပါး ၆၀ ကျော်တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က ကသာခရိုင်၊ ဝန်းသိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

 

4

 

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်  ဆရာတော်၊သံဃာတော်များက မြို့လယ်ဟော်တော်ဦးစေတီ တော်မှ ဈေးတစ်ပတ်စီတန်း၍ အလှူခံကြွရောက်ခဲ့ရာ  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်ပြည်သူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်တို့ကို လောင်းလှူပူဇော် ကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။

 

 

ကျော်မြိုင် (ပြန်/ဆက်)

 

5