နေပြည်တော်၊ အောက်တိုဘာ ၂၉
အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ လာရောက်လည်ပတ်သူများ စည်ကား များပြားလျက်ရှိရာ အမရပူရမြို့ရှိ ဦးပိန်တံတား၌ လူများပြားသဖြင့် ယနေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က တောင်သမန်ဘက်ခြမ်း တိုင်အမှတ် (၃၃၉) နှင့် (၃၄၀) ကြား ပြိုကျမှုဖြစ်ပွားခဲ့ပြီး အမျိုးသားရှစ်ဦး၊ အမျိုးသမီး ၁၅ ဦး ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တံတားပျက်စီးရာသို့ တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်ပြန်လည် ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဦးပိန်တံတားသည် ၁၈၄၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိပြီဖြစ်သည်။ တံတား အရှည်မှာ ၁ ဒသမ ၂ ကီလိုမီတာရှိပြီး ကမ္ဘာပေါ်တွင် အရှည်ဆုံး ကျွန်းသားတံတားဖြစ်ကာ မြန်မာ့ရှုခင်းကောင်းတစ်ခုနှင့် အပန်းဖြေလေ့လာရန် နေရာတစ်ခုအဖြစ် ကျော်ကြားလျက်ရှိသည်။
ယနေ့အဘိဓမ္မာအခါတော်နေ့တွင် တံတားအရှေ့ဘက်ခြမ်း စက္ကူပန်းခြံနှင့် အနောက်ဘက်ခြမ်း ကန်ပေါင်လမ်းဘက် တွင်လည်း စည်ကားလျက်ရှိပြီး လမ်းများပိတ်ဆို့နေ၍ တာဝန်ရှိသူများက အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်