သိမ်းဆည်းခံလယ်ယာမြေများအား ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး ဘားအံမြို့တွင် ဆန္ဒထုတ်ဖော်

ဘားအံ ၂၆ မေ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တောင်ကလေးအကျဉ်းဦးစီးမှ သိမ်းဆည်းထားသော လယ်ယာမြေများအား ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် မေ ၂၆ ရက် နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချူပ်လမ်း၊ အာဇာနည်ကျောက်တိုင်ရှေ့တွင် တောင်သူလယ်သမား (၅၀)ခန့် ငြိမ်းချမ်းစွာ စုဝေး၍ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဘီးလင်း၊ လှာကမြင်၊ ရဲသာ၊ ကျောက်ကလပ်၊ ထောင်ဝိ ကျေးရွာတို့မှ တောင်သူလယ်သမား စုစုပေါင်း အင်အား (၅၀)ခန့်သည် ကြွေးကြော်သံများ ကြွေးကြော်၍ ဗိုလ်ချုပ်လမ်းအတိုင်း ၃ ဦးစီ ယှဉ်တွဲ၍ စီတန်းလှည့်လည်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ကျင်းပရာ သတင်းမီဒီယာများက သိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)