နေပြည်တော်  ၂၀  ဩဂုတ်

ရှမ်းပြည်နယ်၊ သိန္နီမြို့၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတာဝန်ကျ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၉ ရက် ညနေ ၃ နာရီ ၁၅ မိနစ်က လားရှိုးမြို့ဘက်မှ မူဆယ်မြို့ဘက်သို့ မြစ်သားမြို့နယ်၊ ရွှေသူဌေးရပ်ကွက်နေ သန့်ဇင်ဦး(၂၇ နှစ်) မောင်းနှင်ပြီး နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာနေ ပြုံးကို(၃၀ နှစ်)လိုက်ပါ လာသော 7N/---- Fuso ဆီဘောက်ဆာယာဉ်အား စစ်ဆေးရာ ယာဉ်အတွင်း သိုဝှက်သယ်ဆောင် လာသည့် တရားမဝင်ပိတောက်သစ်ခွဲသား ဆိုဒ်စုံ ၂၃၅ တုံး (၆ ဒသမ ၅၂၇)တန်အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် သန့်ဇင်ဦးပါ ၂ ဦးအား သိန္နီမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)