ဝက်လက် ၇ ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုင်ခရိုင်၊ ဝက်လက်မြို့တွင် ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ဝက်လက်မြို့  ပြည်သူ့ဆေးရုံဝင်းအတွင်း၌ အသက် ၆၀ အထက် ဘိုးဘွားများကို အပတ်စဉ် သောကြာနေ့တိုင်း ဆေးများအခမဲ့ ဆေးကုသပေးခြင်းနှင့် အဟာရတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဝက်လက်မြို့နယ်အတွင်းရှိ အသက် ၆၀ ကျော် ဘိုးဘွား ၅၀ဝ ကျော်ကို ဦးကျော်သူ၊ ဦးဖုန်းမြင့်၊ ဦးအောင်သူဖြိုး တို့မှ ဦးဆောင်ကာ စေတမာန် လူငယ်အဖွဲ့ အကျိုးဆောင်များက အာဟာရများတိုက်ကျွေးခြင်း၊ အလှူရှင်းများ ရှာပေးခြင်းများ ပြုလုပ်ပေးသည်။ ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာ သန့်ဇင်လတ်နှင့် ကျန်မာရေးဝန်ထမ်းမျာ၊ အငြိမ်းစာ ကျန်းမာရေး ဆရာမ ဒေါ်မြင့်ဆွေတို့က ဆောင်ရွက်ပြီး၊ အပတ်စဉ် သောကြာနေ့တိုင်းပြုလုပ်ရာ ယနေ့ကုသိုလ်ရှင်များ ဖြစ်ကြသည့် ဝက်လက်မြို့ ဦးသေညင်းဌေး၊ ဒေါ် တင်အုန်း မိသားစုမှ ကောင်းမှုကုသိုလ်ပြုလုပ်ပြီး စေတမန် လူငယ်များအတွက် တူညီဝတ်စုံများကို ဦးမြသန်း၊ ဒေါ်မြင့်မြင့် (ရွှေစင်ဟိန်း) မိသားစုမှ ကောင်းမှုကုသိုလ် ပြုလုပ်ကြကြောင်း သိရှိရပါသည်။

 

စိုးစိုးလှိုင် (ဝက်လက်)