နေပြည်တော် ၁၁ ဇွန် 
    

 

ဇွန် ၁၁ ရက်မှ ၁၃ ရက်ထိ ကျင်းပမည့် သက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ  ဆွေးနွေးပွဲ ၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ  Kempinski Hotel ၌ ကျင်းပသည်။ 

 

အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ LIFT Fund ၏ အလှူရှင်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။ 

 

mdn

 

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး  Andrea Faulkner တို့က အဖွင့်အမှာစကား ပြောကြားသည်။

 

LIFT Fund သည် Multi-Donor Trust Fund တစ်ခုဖြစ်ပြီး ၎င်း၏ဌာနခွဲကို မြန်မာနိုင်ငံ၌ ၂၀ဝ၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှစ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးကဏ္ဍ၊ သက်မွေးမှု ကဏ္ဍ၊ အသေးစားချေးငွေကဏ္ဍ၊ အာဟာရပြည့်ဝရေးကဏ္ဍနှင့် ရွှေ့ပြောင်းသွားလာနေထိုင် မှုကဏ္ဍများတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၉ သန်းဖြင့် ကျေးလက်နေပြည်သူများ အထူးသဖြင့် လုပ်ကွက်ငယ်တောင်သူများနှင့် ဆင်းရဲနွမ်းပါးသည့် လူထုအတွက်လူနေမှု ဘဝတိုးတက်မြင့်မားရေးကို အဓိက ဦးတည်ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)