စကု ၁၇ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊ စကုမြို့၊ စည်ပင်သာယာဈေး မြောက်ဘက်တွင် မေလ (၁၆) ရက်နေ့ ည (၁၁) နာရီက သက်တမ်းရင့်ညောင်ပင်ပြိုလဲခဲ့ရာ ပျံကျဈေးဆိုင်တန်း(၁၃)ခန်းနှင့် ပျံကျဈေးဆိုင် (၄) ဆိုင်ပြိုလဲပျက်စီးခဲ့ကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။
အဆိုပါ ညောင်ပင်သည် လုံးပတ်(၁၀)ပေခန့်၊ အမြင့် (၁၂၀) ပေခန့်ရှိသော သက်တမ်းရင့်ညောင်ပင်ဖြစ်ပြီး ပြိုလဲခဲ့ရာ ဈေးအတွင်းရှိ ပျံကျဈေးဆိုင်တန်း (၁၃)ခန်းပါ သွပ်မိုး၊ ပျဉ်ခင်း၊ ဈေးတန်းလျားနှင့် ပျံကျဈေးဆိုင် မိုးကာမိုး၊ ဝါးကြမ်းခင်း(၄)ဆိုင်ပေါ်သို့ လဲပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သစ်ပင်ပြိုလဲမှုအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး သက်တမ်းရင့် သစ်ပင်ပြိုလဲမှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ကျော်စိုးဝင်း( မင်းဘူး)
