နမ့်ခမ်း စက်တင်ဘာ ၁၄

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံ၌ သမီးကလေး (၃) မြွှာပူးကို စက်တင်ဘာ ၁၂ ရက်က ကျန်းမာစွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

 

နမ့်ခမ်းမြို့နယ်၊ အွယ်လောကျေးရွာအုပ်စု အွယ်လောကျေးရွာနေ ဒေါ်အမ်အေး (၃၇) နှစ်သည် စက်တင်ဘာ ၁၂ ရက် ည ၁၀ နာရီ ၂ မိနစ်တွင် (၄) ပေါင် (၂) အောင်စ ပထမသမီး၊ ၁၀ နာရီ ၃ မိနစ်တွင် (၃)ပေါင် (၈) အောင်စ ဒုတိယသမီးနှင့် ၁၀ နာရီ ၄ မိနစ်တွင် (၄) ပေါင် တတိယသမီးတို့ကို ကျန်းမာစွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့သည်။

 

mdn

 

သမီးကလေး (၃) မြွှာပူးကို ခွဲစိတ်မွေးဖွားနိုင်ခဲ့သည့် ကလေးမိခင်အား နမ့်ခမ်းမြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ထောက်ပံ့ငွေ၊ ကြက်ဥ၊ ကွေကာထုပ်၊ နို့မှုန့်၊ ကလေးအသုံးအဆောင် ပစ္စည်းများနှင့် အာဟာရပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးပြီး မိခင်နှင့် ကလေး (၃) ဦးစလုံး ကျန်းမာလျက်ရှိကြောင်း သိရသည်။

 

ဘဦး(နမ့်ခမ်း)