စစ်ကိုင်း        ဇူလိုင်      ၁၅

           

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူး၍ (၁၁)ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် စစ်ကိုင်းမြို့၊ ရွှေသမားဘုန်းတော်ကြီးသင် ကျောင်းတိုက် ဦးစီးပဓာန ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့်ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြားရေး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(ပြန်/ဆက်)