နေပြည်တော်  ဇွန် 

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ  တတ်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် Butter Cake Banana Cake Chocolate Cake Chiffon Cake Cup Cake Cookies ကိတ်မုန့်ခြောက်၊ ပူတင်းပေါင်မုန့်၊ ပဲပေါင်မုန့်၊ စနိုးပူတင်း၊ ဆနွင်းမကင်း အစရှိသော မုန့်အမျိုးမျိုးအပြင် Quality Control ဖြင့် မုန့်ပြုလုပ်ရာတွင် သန့်ရှင်း လတ်ဆတ်သော အရည်အသွေးမီမုန့်များဖြစ်စေရန်အတွက် ကောင်းမွန်သော ထုတ်လုပ်မှု အလေ့အကျင့် စနစ် Good Manufacture Practices (GMP) သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ Good Hygiene Practices တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ကြမည့် ဝန်ထမ်းများအနေဖြင့် သင်တန်းမှသင်ကြားပေးသည့် ပညာရပ်များကို တတ်မြောက်အောင် ကြိုးစားသင်ယူကြရန်နှင့် ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကြောင်းပညာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားပြည်သူများကိုလည်း လက်ဆင့်ကမ်း မျှဝေပေးရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခု သင်ကြားပို့ချသည့် နည်းပညာ များကို တန်ဖိုးထားသင်ကြားလေ့လာ၍ လေ့ကျင့်သွားကြရန် ပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ သင်တန်းတွင် အသုံးပြုမည့်အထောက် အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

ယခုသင်တန်းကို ၂၀၂၄ ခုနှစ် ဇွန် ရက်မှ ၁၂ ရက်အထိ () ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၂၂) ဦး တက်ရောက်ကြောင်း သိရှိရသည်။

(သတင်းစဉ်)