သင်္ဃန်းကျွန်း ဧပြီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့ရှိ ရေကစားမဏ္ဍပ်၌ ကျင်းပသည်။
သင်္ဃန်းကျွန်းမြို့နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစားမဏ္ဍပ်အား ဗိုလ်မှူးကိုကိုမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးညီဖြိုးဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေလင်းအောင်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဧည့်သည်တော်များအား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြကာ မန်းတောင်ရိပ်ခို သီချင်းသီဆို၍ ရေကစားမဏ္ဍပ်အား ဖွင့်လှစ်ပေးသည်။
သင်္ဃန်းကျွန်းမြို့နယ်၏ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ပျော်ရွှင်စွာ ရေကစားခြင်း၊ စတုဒိသာကျွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စန္ဒာမိုး