ဘားအံ ၂၂   ဩဂုတ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တိုင်းတာချက် အရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအောက် ၇၃၇ စင်တီမီတာသို့ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် မကြာမီအချိန်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိကျော်လွန်လာနိုင်သဖြင့် မြစ်ကမ်းဘေးနေထိုင်သူများနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ကြရန် လိုအပ်ကြောင်းနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့မှလည်း အရေးပေါ် ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)