သန်လျင်     ဇူလိုင်   ၁၃   

 

(၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်တို့က (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနှိုင်ရေးအတွက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ပညာရှင်များက ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားကြသည်။

 

 

ထို့နောက် တက်ရောက်လာကြသော သန်လျင်ခရိုင်နှင့် တွံတေးခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ ပညာရှင်များက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် ပြိုင်ပွဲဝင်များသတ်မှတ်ခြင်း၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်သည်။ သန်လျင်ခရိုင်နှင့် တွံတေးခရိုင် ပူးပေါင်း၍ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို သြဂုတ် ၁၃ ရက်မှစ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)