ရန်ကုန် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘယက်ကျေးရွာ တောင်သူဦးကျော်ဝင်းနိုင်၏ လယ်မြေဧက ၁၀၀ တွင် မိုးစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် စိုက်ပျိုးရေးဦးစီးဌာနက သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် Export Zone တွင် ပါဝင်သော တောင်သူများအား ပံ့ပိုးငွေပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၀ ရက်က အဆိုပါလယ်မြေ၌ ပြုလုပ်သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သော သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များကို တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များနှင့် သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းကိုတို့က တောင်သူများသို့ ပေးအပ်ပြီး Export Zone တွင် ပါဝင်ကြသောတောင်သူများအား Rice Exporter ကုမ္ပဏီများမှ တာဝန်ရှိသူများက ပံ့ပိုးငွေများပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တောင်သူများက မိုးစပါးဧက ၁၀၀ စံပြစိုက်ခင်းမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် စက်မှုလယ်ယာဦးစီးဌာနက 10 Row Seeder စက်ဖြင့် သရုပ်ပြမှု၊ စိုက်ပျိုးရေးဦးစီးဌာနက သီးနှံစွန့်ပစ်ပစ္စည်းများအား ဘိုင်အိုချာ ပြုလုပ်သုံးစွဲနည်း၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ခင်းကျင်းပြသမှု၊ ရေအရင်းအမြစ်ဦးစီးဌာနက အနိမ့်တင်ဆိုလာ ရေတင်စက်များကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ဗလ


