နေပြည်တော် ၂၁ စက်တင်ဘာ
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထင်းရှူးပင်လဲကျပိမိ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာဘက်မှ ဓမင်းဆိပ်ကျေးရွာဘက်သို့ စက်စဲ ကျေးရွာနေ မဇူဇင်မိုး(၂၃)နှစ် မောင်းနှင်လာသော ဆိုင်ကယ်ပေါ်သို့ ထင်းရှူးပင်လဲကျပိမိ၍ ဦးခေါင်းအက်ကွဲဒဏ်ရာဖြင့် သေဆုံးသွားခဲ့သောကြောင့် အလောင်းအား ကျုံကဒက်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ကျိုက္ခမီနယ်မြေရဲစခန်း၌ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား