သံဖြူဇရပ်      ဇွန်     ၁၆

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆားတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမမှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်ဇော်က ဆားထုတ်ကုန်များအား ကုန်သွယ်ခြင်းအကြောင်းဆွေးနွေးခြင်း၊  ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းထိုက်မှ ချေးငွေရယူရန် ဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းခြင်း၊  Mr. Yoo မှ မိမိတို့လိုအပ်သော ဆားအရည်အသွေးနှင့် ပတ်သက်၍ ရှင်းလင်းခြင်းအပေါ် စီးပွားရေးရာဝန်ကြီးမှ နေလှန်းဆားကြမ်းများ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ရေးကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ နိုင်လယိတမ၊ ပြည်နယ်ဆားလုပ်ငန်းရုံး   ပြည်နယ်ဦးစီးမှူး  ဦးခင်ဝင်း၊   ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး  ဦးခင်ဇော်၊ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းထိုက်၊ တောင်ကိုရီးယားနိုင်ငံသား Mr. Yoo နှင့် ဒေါ်မိုမိုချိုဝင်း (ဘာသာပြန်)တို့မှ  တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)