သနပ်ပင်   ၁၄   ဇူလိုင်

 

သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash for Work စီမံကိန်းကျေးရွာ(၇)ရွာအား စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီရွေး ချယ်ဖွဲ့စည်းခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း လူမှုစီးပွားဘဝထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေဖို့အတွက် ကျေးလက်ဒေသခံ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်ပြီး Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

 

ယင်းသို့ စီမံကိန်းဆောင်ရွက်စေခြင်းဖြင့်  ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံ များနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ  ဝင်ငွေရရှိစေရုံသာမက အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း  ရှင်းလင်းပြောကြား ခဲ့ပြီး  ကော်မတီများဖွဲ့စည်းခြင်းကို ညွှန်ကြားချက်နှင့်အညီ  ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ Cash for Work စီမံကိန်းကို  မြို့နယ်အတွင်းရှိ ရွှေလှေစု၊ ဇီးပင်၊ လောင်မီး၊ အောက်ကတဲ၊ လောင်မီးချောင်းဝ၊  မင်းရွာတာဝ၊ ကုက္ကိုတန်းကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။                                 

                

သိန်းမြင့်ကျော်(မိတ္ထီလာ)