ရခိုင် ဇန်နဝါရီ ၁

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းမှစတင်၍ အစိုးရ စက်မှုလက်မှုသိပ္ပံ ကျောင်းဝင်းအတွင်း၌ ဝန်ထမ်းမိသားစုများအား ကြက်ဥနှင့် အသားများကို သံတွဲမြို့မဈေးမှ အသားဆိုင်များက ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။

 

ရောင်းချရာတွင် ကြက်သား တစ်ပိသာလျှင် ၉၀၀ဝ ကျပ်၊ ဝက်သား တစ်ပိသာ ၁၄၀၀ဝ ကျပ်၊ အမဲသား တစ်ပိသာ ၁၃၀၀ဝ ကျပ်၊ ကြက်ဥတစ်လုံး ၃၅ဝ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)