စစ်တွေ   ၁၂  မေ


အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်း သင်တန်းကို မေ ၈ ရက်မှစတင်ပြီး စက်မှုလက်မှုသိပ္ပံကျောင်း (သံတွဲ)၌ ရက်သတ္တနှစ်ပတ်ကြာ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

 

1

 


အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ (၁၄)ရွာမှ သင်တန်းသား ၂၅ ဦး တက်ရောက်ကြပြီး စက်မှုလက်မှု သိပ္ပံကျောင်း(သံတွဲ)မှ နည်းပြဆရာ၊ ဆရာမများက သင်ကြားပို့ချပေးလျက်ရှိသည်။


အဆိုပါ သင်တန်းကို သံတွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ(သံတွဲ)တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)