သံတွဲ  ဧပြီ  ၁၆

 

ရခိုင်ပြည်နယ် သံတွဲမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ရခိုင့်ရိုးရာ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များ၊ ငပလီကမ်းခြေ ဖျော်ရေးမဏ္ဍပ်နှင့် ငပလီကမ်းခြေတို့တွင်  ယနေ့နံနက်ပိုင်းမှစ၍  အထူး စည်ကားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မဟာသင်္ကြန်အတက်နေ့တွင် အနယ်နယ်၊ အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ ကားများ၊ သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်ရေပက်ခံထွက်သူများ၊ ငပလီကမ်းခြေတွင် ရေကစား အပန်းဖြေ အနားယူသူများသည် ယနေ့နံနက်ပိုင်းမှစတင်၍ ပျော်ရွှင်အေးချမ်းသာယာစွာဖြင့် မဟာသင်္ကြန်ပွဲကို ဆင်နွဲ့ လျက်ရှိကြောင်း သိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)