သံတောင်ကြီး ၄ နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု လျှော့ချရေး သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ရှင်‌ယောဟန်ဓမ္မရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟန်ထူးဇန်က အမှာစကား ပြောကြားပြီး သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်နော်မာမာချိုက ဒေသခံအမျိုးသမီးများ အနေဖြင့် ကျား/မအခြေပြု အကြမ်းဖက်မှုများ အကြောင်းကို ပိုမိုသိရှိလာစေရန်၊ အမျိုးသမီးများ အကြမ်းဖက်မှု လျော့နည်းလာစေရန်၊ အမျိုးသမီးများ အကြမ်းဖက်မှုဖြစ်‌ပေါ်လာပါက ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။‌

 

အဆိုပါ သင်တန်းကို   PAUNG  SIE  FACILITY   (PSF) ၏ ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီး အမျိုးသမီးများ အဖွဲ့က  ဦးဆောင်က သံတောင်ကြီးမြို့နယ် အတွင်းရှိ  ကျေးရွာများမှ အမျိုးသမီး ၃၀ တက်ရောက်ပြီး     သင်တန်းကာလမှာ    နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ သုံးရက်တာ သင်တန်းဖြစ်ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)