သံတောင်ကြီး ၂၆ ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်းက ထောက်ပံ့ငွေများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြည်သူများ၏လက်ဝယ်သို့ အရောက်ပေးအပ်ရန် ပြောကြားခဲ့သည်။

 

ထို့နောက် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခစ္စထွန်းနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးတို့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၁၄၁၈၅ စုအတွက် ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ကျပ် ၂၀ဝ၀ဝ ဖြင့် စုစုပေါင်း ကျပ် ၂၈၃၇၀ဝ၀ဝ၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)